သဇင္​ လာ`+x`.8` 8`+8`.

5:03
ဆရာတော် အသျှင်ဦးဥတ္တမ သက်တော်ထင်ရှား ရှိစဉ် က ရိုက်ကူး မှတ်တမ်း တင်ထားသော ဆရာတော် ၏ ဗုဒ္ဓဂါယာ ဘုရားဖူးခရီး ရုပ်သံမှတ်တမ်းနှင့်ထေရုပတ္တိ ********************************************* ဆရာတော်ဦးဥတ္တမ ၏ ထေရုပတ္တိ =============================== စစ်တွေမြို့၊ ရူပရပ်ကွက်၊ ကုန်သည်ဦးမြနှင့် ဒေါ်အောင်ကြွဖြူတို့က ၁၈၇၉ခု၊ ဒီဇင်ဘာလ(၂၇)ရက်၊ တနင်္ဂနွေနေ့တွင် မွေးဖွားသည်။ ငယ်စဉ်က လူနာမည် မှာ ပေါ်ထွန်းအောင် ဖြစ်သည်။ ငါးတန်းအထိ ကျောင်း နေခဲ့သည်။ စာသင်ကြားရာတွင် ထူးချွန်လွန်းသဖြင့် ရခိုင်တိုင်းမင်းကြီးက ဆုချီးမြှင့်သည်ကို နယ်ချဲ့သမား ချီးမြှောက်သောဆုကို အလိုမရှိသည့်ဆန္ဒဖြင့် ကုလားတန်မြစ်ထဲသို့ ပစ်ချလိုက်သည်။ ငယ်စဉ်ဘဝ မှာပင် နိုင်ငံရေးခံယူချက်နှင့် အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်လိုစိတ်က ဤကဲ့သို့ ပြင်းထန်သည်။ စစ်တွေမြို့ ရွှေစေတီကျောင်းတိုက်တွင် အသက်(၁၆)မှာ ရှင်သာမဏေ ဝင်သည်။ ရှင်`ဥတ္တမ´ဟု ဘွဲ့အမည်ကို ရသည်။ ပိဋကတ်စာပေများကို သင်ယူရာတွင်လည်း သူမတူအောင် ထူးချွန်ကာ ပထမဆုများ ရရှိသဖြင့် ရှမ်းတကာမတစ်ဦး၏ အကူအညီဖြင့် အသက်(၁၇)နှစ် တွင် အိန္ဒိယပြည် ကာလကတ္တားမြို့သို့ ပညာသင် သွား ရောက်သည်။ (၁၉)နှစ်တွင် အင်္ဂလိပ်ပညာ ဆယ်တန်း အောင်ပြီး ပြန်လာသည်။၎င်းနှစ်တွင် ပခုက္ကူမြို့၊ ရေစကြိုတိုက် မဟာဝိသုတာရာမကျောင်းသို့ သွားရောက်ကာ ပိဋကတ်စာပေများကို ဆက်လက် သင်ယူသည်။ ၎င်းကျောင်းတွင်ပင် ဆွေမျိုးတော်စပ်သူ ဘုံဘေဘားမားကိုယ်စားလှယ် ဦးထွန်းအောင်ကျော်က ဒါယကာလုပ်ကာ ရဟန်းအဖြစ်သို့ ခံယူသည်။ တစ်ဖန် ကာလကတ္တားသို့ ပြန်ကြွပြန်သည်။ ဤခရီးသည် ဆရာတော်အား နိုင်ငံရေးနယ်ပယ်ထဲသို့ စတင်ဝင်ရောက်ဖြစ်မည့် ခြေလှမ်းအစဖြစ်သည်။ ထိုအချိန်က အိန္ဒိယတွင် အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရေးအတွက် ထကြွနိုးကြားနေသောအချိန် ဖြစ်သည်။ ရာဘင်ဒရာနက်သ်တဂိုးနှင့် အိန္ဒိယရှိ နိုင်ငံရေး ခေါင်းဆောင်များ၊ ပညာတတ်များသည် လွတ်လပ်ရေးအတွက် ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်နေကြ သည်ကို ဆရာတော် အားကျနေခဲ့သည်။ထိုစဉ် ဗင်နို့ဂိုရှ် ဆိုသည့် ICS အရာရှိတစ်ဦးက အလုပ်မှထွက်ကာ `အမျိုးသားကောလိပ်´တည်ထောင်ပြီး ကျောင်းအုပ် လုပ်သည်။ အင်္ဂလိပ်လက်အောက်တွင် ကျွန်…ကျွန်ချင်း အတူတူ … ဟု အမြင်ရှိသော ဆရာတော်သည် ၎င်းအမျိုးသား ကောလိပ်တွင် ပါဠိနှင့် ဗုဒ္ဓဘာသာကို သင်ပြပေးရင်း အင်္ဂလိပ်နယ်ချဲ့ ဆန့်ကျင်ရေးကို အိန္ဒိယတွင် စတင်ခဲ့ လေသည်။ အိန္ဒိယတွင်နေစဉ် ကွန်ဂရက်အသင်း ပြီးလျှင် ဒုတိယ အကြီးဆုံး အသင်းဖြစ်သည့် `ဟိန္ဒူမဟာဆပ်ဘာ´ အသင်းကြီး၏ ဥက္ကဌရာထူးကို… မဒရပ်ပြည်နယ်မှ ဟိန္ဒူလူမျိုး ခေါင်းဆောင်တစ်ဦးဖြစ်သည့် ပဏ္ဍိတ်ဘွဲ့ရ `မာလာဗီးယား´နှင့်ပြိုင်ပြီး အနိုင်ရရှိသည်။ ဆရာတော် ၏ အံ့ဖွယ်သရဲ စွမ်းပကားပင် ဖြစ်သည်။ အိန္ဒိယ နိုင်ငံသားများသည် ဆရာတော်၏ပညာအစွမ်းကို သိမြင် နေသဖြင့် တိုင်းခြားသား ဟု မမြင်တော့ဘဲ သူတို့၏ ခေါင်းဆောင် အဖြစ် အသိအမှတ်ပြု လက်ခံမှုဖြစ် ကြောင်း ထင်ရှားပေသည်။ ဤသို့ အိန္ဒိယတွင် စာသင်ကြားရင်း ဆရာတော်သည် အီဂျစ်နှင့် ပြင်သစ်နိုင်ငံများသို့ ဥရောပခရီးစဉ် ထွက်နေ စဉ် ၁၉၀၄ ခုနှစ်တွင် ဂျပန်-ရုရှားစစ်ပွဲ၌ ဂျပန်တို့ အောင်ပွဲခံ အနိုင်ရလိုက်သည်ကို ကြားသိရသည့်အခါ အားကျပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ဂျပန်တို့ ၏ နည်းဗျူဟာများကို အတုယူ၊ လေ့လာရန် လိုသည် ဟု မှတ်ချက်ပြုကာ ၁၉၀၇ ခုနှစ်တွင် ဂျပန်သို့သွားရန် အတွက် ရန်ကုန်ကို ပြန်ခဲ့လေသည်။ ရန်ကုန်ရောက်ပြီး ၎င်းနှစ်တွင်ပင် ဂျပန်သို့ ကြွပြန်လေသည်။ ထိုအချိန်က ဆရာတော်အသက်မှာ (၂၈)နှစ် ဖြစ်ပါသည်။ ဂျပန်တွင်နေစဉ် အာရှတစ်ခွင်ကို စိုးမိုးသိမ်းပိုက်ထား သည့် အင်္ဂလိပ်တို့ကို တော်လှန်ရမည်ဟု ဂျပန်ရောက် အာရှတိုက်သား ဟူသမျှကို စည်းရုံးလှုံ့ဆော်လေသည်။ ဂျပန်ရောက် တက္ကစီမောင်းသမား အိန္ဒိယသား (၃၀၀) တို့အား ဆွေးနွေးဟောပြောခြင်း…ဘုံဘေနယ်၊ ဘာဂိုးဒါ စတိတ်က ကျွန်စာရင်း အသွင်းမခံလို၍ အင်္ဂလိပ် လက်အောက်မှ လွတ်မြောက်ရေးအတွက် ဆရာတော် ကဲ့သို့ ဂျပန်အကူအညီကိုယူရန် ထွက်ပြေးလာခဲ့သူ တရုတ်ခေါင်းဆောင်ကြီး ဒေါက်တာ`ဆွန်ယက်ဆင်´နှင့် ဆွေးနွေးခြင်းတို့ကို ပြုလုပ်ခဲ့သည်။ ဂျပန်နိုင်ငံအစိုးရစက်မှုလက်မှုဝန်ကြီးဌာန၏အထောက် အပံ့ဖြင့် ဂျပန်စာနှင့်စကားကို (၂)နှစ်တိတိ သင်ယူကာ တတ်မြောက်သည်နှင့် ဂျပန်ရှိ ဗုဒ္ဓဘာသာသိပ္ပံကျောင်း ၌ သက္ကတဘာသာ ပါမောက္ခအဖြစ် စာပြလေတော့ သည်။ ဂျပန်၌တွေ့ကြစဉ်`ဆွန်ယက်ဆင်´မှာ ဆရာတော်၏ အရည်အချင်းကို ချက်ချင်းရိပ်စားမိကာ တရုတ်လူငယ် များကို အမျိုးသားစိတ်ဓာတ် ထက်သန်လာအောင်၊ လူတော်/ကောင်း ဖြစ်လာအောင် ဆုံးမပေးပါဟု ဆိုကာ ဆရာတော်ထံ ပို့ပေးနေတော့သည်။ တရုတ်လူငယ်များ ကလည်း ဆရာတော်၏ သြဝါဒစကားများကို လေးစား ကြည်ညိုခြင်း ဖြစ်လွန်း၍ ဆရာတော်အား တရုတ်နိုင်ငံ သို့ ပင့်ဆောင်ကာ တရုတ်ရှိ တက္ကသိုလ်ကျောင်းသား လူငယ်များကို ဟောပြောခြင်းများ ပြုလုပ်ပေးပါရန် ဆောင်ရွက်ပါဟု ဒေါက်တာဆွန်ယက်ဆင်ကို ပြန်လည် ၍တစ်ဖန် တောင်းဆိုလာပြန်သည်။ ထို့ကြောင့် ဒေါက်တာဆွန်ယက်ဆင် ကိုယ်တိုင် လျှောက်ထားပင့်ဆောင်မှုကြောင့် ဆရာတော်သည် ဂျပန်တက္ကသိုလ်မှ ခွင့်သုံးလယူကာ ၁၉၀၉ခုနှစ်တွင် ကိုးရီယား၊ မန်ချူးရီးယား၊ ကျိဖု၊ ရှန်ဟိုင်း၊ အမွိုင်မြို့များ သို့ လှည့်လည်၍ အင်္ဂလိပ်လက်အောက်မှလွတ်မြောက် ရန် နိုင်ငံရေးတရားများ ဟောကြားရလေသည်။ ဟောပြောပွဲတိုင်းတွင် အံ့မခန်းသည့် လူပေါင်းများစွာ တက်ရောက်ကြပြီး `အာရှတိုက်၏မီးရှူးတန်ဆောင်´ဟု အော်ဟစ်ကြိုဆို ကြလေသည်။ ထို့ကြောင့် ဆရာတော် ဦးဥတ္တမအား `အာရှနေဝန်းအသျှင်´ `အာရှတိုက်၏ မီးရှူးတန်ဆောင်´ဟု ခေါ်ဆို သမုတ်ကြသည်မှာ ရခိုင် လူမျိုးများက ကိုယ့်လူမျိုးကို ကိုယ် မြှောက်စားသဖြင့် တင်စားခေါ်ဆိုခြင်း မဟုတ်ဘဲ တိုင်းခြားသားများကပင် အသိအမှတ်ပြု စတင်ခေါ်ဆိုခဲ့ခြင်းဖြစ်သည်ဟု သိမှတ် ထားရပါမည်။ ထိုစဉ်ချိန်က ဆရာတော်၏ သက်တော် မှာ (၃၀)နှစ်။ ၁၉၁၀တွင် မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ လမ်းတွင် ကိုးရီးယာ၊ တရုတ်ပြည်မှတစ်ဆင့် ပြင်သစ်နိုင်ငံမှပိုင် သည့် `ဆေးဂုံ´သို့ဝင်ကာ မြန်မာရှင်ဘုရင် အနွယ်တော် `မြင်ကွန်းမင်းသားကြီး´နှင့် တော်လှန်ရေးအကြောင်းကို ဆွေးနွေးခဲ့သည်။ ထို့နောက် လွတ်မြောက်ရေးကိစ္စ အတွက် မြန်မာပြည်သို့ မဝင်ရောက်သေးဘဲ အိန္ဒိယမှ `ဘာဂိုဒါမဟာရာဇာ´နှင့် တွေ့ဆုံရန် ယိုးဒယားမှတဆင့် အိန္ဒိယနိုင်ငံ၊ မဒရပ်သို့ ကြွပြန်သည်။ ဤအချိန်တွင် အင်္ဂလိပ်အစိုးရသည် ဆရာတော်၏ တော်လှန်ရေး ခြေလှမ်းများကို သတိပြုမိလာပြီဖြစ်သည်။ ထို့ကြောင့် အခွင့်မသာတော့သဖြင့် `ဘာဂိုဒါ´နှင့် မတွေ့နိုင်ခဲ့ပေ။ သို့သော် အိန္ဒိယရှိ ဖမ်းဆီးခံ `သီပေါဘုရင်´နဲ့တော့ လျှို့ဝှက်စွာ တွေ့လိုက်ပြန်သေးသည်။ ဆရာတော်၏ မြန်မာ့မင်းဆွေမင်းမျိုးတို့အပေါ် အထင် ကြီး မျှော်လင့်စိတ်ကတွက်ကိန်းလွဲခဲ့သည်။ သူတို့သည် မြန်မာ့လွတ်လွပ်ရေးအတွက် ဘာမှစိတ်မဝင်စားတော့။ အင်္ဂလိပ်တို့၏ ထားသလိုနေ ဘဝတွင် နေသားကျနေ ကြပြီ ဖြစ်သည်။ ထို့ကြောင့် ဆရာတော်လည်း မြန်မာ နိုင်ငံလွတ်လပ်ရေးအတွက် ပြည်တွင်းကဘဲလုပ်ဆောင် ရတော့မည်ဟု သဘောပေါက်ကာ မြန်မာနိုင်ငံထဲသို့ ပြန်ခဲ့လေတော့သည်။ ၁၉၁၁၊ သက်တော်(၃၂)ခန့်တွင် မြန်မာနိုင်ငံသို့ ပြန် ရောက်သည်။ဆရာတော်သည် ဘာသာစကား (၁၀)မျိုး တတ်ကျွမ်းသည်။ ၎င်းတို့မှာ (1)မြန်မာ (2)ပါဋ္ဌိ (3)ဟိန္ဒူ (4)ဘင်္ဂါလီ (5)သက္ကတ (6)နာဂရီ (7)အင်္ဂလိပ် (8)ပြင်သစ် (9)ဂျပန် (10)တရုတ်တို့ ဖြစ်သည်။ ဆရာတော် ပြန်ရောက်ချိန်တွင် မြန်မာနိုင်ငံ၌ `သူရိယ´ သတင်းစာကို ဦးဘဖေနှင့် ဦးလှဖေတို့က ထုတ်ဝေနေ ကြသည်။ဘာသာရေးအသင်းအဖွဲ့ငယ်များ ပေါင်းစုထား သည့် ရခိုင်လူမျိုး ဦးမေအောင် ခေါင်းဆောင်ပါဝင်သော YMBA အသင်းကြီးလည်း ဖွဲ့စည်း၍ရှိသည်။သို့သော် သတင်းစာရော အသင်းကြီးကပါ မည်သည့် နိုင်ငံရေး၊ တိုင်းရေးပြည်ရေးတွင်မှ မပါဝင်၊မလုပ်ဆောင်၊ မရေးသားကြသေးပါ။ ဘာသာရေး၊ ကိုယ်ကျင့်တရား ကောင်းမွန်ရေး၊ ခြိုးခြံချွေတာရေး၊ ပညာဗဟုသုများ လောက်သာ ဟောနေချိန်၊ ရေးနေကြချိန် ဖြစ်သည်။ ဆရာတော်က ၎င်းအရာတွေထက် `လွတ်မြောက်ရေး´ ကို နိုးဆွပေးသည့်တရားတွေကို ရေးသည်၊ဟောသည်။ ကြီးပွားရေး၊ တိုးတက်ရေး၊ ကျန်းမာပျော်ရွှင်ရေး၊ လူတန်းစေ့နေနိုင်ရေး၊ အသက်ရှင်သန်ရေးတို့ထက် တိုင်းပြည်၏ လွတ်လပ်ရေးကိုသာ ပထမဦးဆုံး ညီညီညွတ်ညွတ် စုပေါင်းလုပ်ကြပါ…ဟု ရဲရဲတောက် လွတ်လပ်ရေးတရားများကို မပြတ်ဟောကြားခဲ့သည်။ ရန်ကုန်ရှိ သူရိယနှင့် မန္တလေးမှ မြန်မာ့တာရာ သတင်းစာများတွင် နိုင်ငံရေးဆောင်းပါးများ မပြတ် ရေးသားခဲ့သည်။ ၁၉၁၇ ခုတွင် အင်္ဂလိပ်တို့က အိန္ဒိယနိုင်ငံကို ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပေးလိုက်သောအခါ YMBA အသင်းသည် ဆရာတော်၏လုပ်ရပ်နှင့် တရားများအပေါ် ပို၍ယုံကြည် လာသည်။ ထို့ကြောင့် ဆရာတော်နောက်ကိုလိုက်၍ နိုင်ငံရေးအသွင် ပိုဆောင်နိုင်ရန် YMBA ကိုလည်း မဖျက်ဘဲ GCBA ဟု ဆင့်ပွားဖွဲ့စည်းလိုက်သည်။ ဆရာတော်သည် လွတ်လပ်ရေးတရားများကို မြို့ကြီး၊ မြို့ငယ်ပေါင်း အမြောက်အမြားသို့ အကြိမ်ကြိမ်အခါခါ လှည့်လှည် ဟောပြောနေသည်။ နှိင်ငံခြားဖြစ် အဝတ် အထည်တွေကို ပယ်ရှား၍ ဝံသာနုပင်နီနှင့် ယောထမီ တို့ကိုသာ ဝတ်ဆင်ကြရန် လှုံ့ဆော်သည်။ ကမာရွတ်ရှိ ကျောင်းခန်းတစ်ခုတွင် တစ်ပါးတည်းနေကာ တိုင်းရင်း ဖြစ် ဝတ်စုံကို ဆင်မြန်းလာခဲ့သူကိုမှ လက်ခံပြီး စကား ပြောသည်။ မြန်မာတွေကို ဝံသာနုစိတ်ဓာတ်တွေ ရိုက် သွင်းကာ ဝံသာနုဖြစ်စေခဲ့သည်။ဆရာတော်၏ ပေါ်လစီ များကို GCBA က ဆင့်ပွားလှုံ့ဆော် ဆောင်ရွက်သည်။ ထို့ကြောင့်လည်း အချိန်တိုအတွင်းမှာ မြန်မာနိုင်ငံ၌ ဝံသာနုအသင်းများ ပေါ်ပေါက် တိုးတက်လာသည်။ ဆရာတော်တရားဟောလျှင် နားရှင်းအောင် ဟော သည်။ရယ်စရာ၊ပုံပြင်များ ကြားညှပ်ပါသဖြင့် နားထောင် သူများ မပျင်းရိကြ။ သဘောကျ နှစ်သက်ကြသည်။ မှန်တာတွေကို မထောက်မညှာတာ ဒဲ့ဟောကြားသည်။ စင်ပေါ်မှနေ၍ အင်္ဂလိပ်အစိုးရ ကို စကားလုံးများဖြင့် တိုက်ခိုက်ရာတွင် စူးရှပိုင်နိုင်ပြင်းထန်လှ၍ နောင်တခေတ် သခင်များအတွက် စံထားအတုယူစရာ ရှေ့ပြေးအလင်းရောင် ကိုယ်တော်တစ်ပါး ဖြစ်လာခဲ့လေ သည်။ရခိုင်သံဝဲဝဲဖြင့် တရားဟောရာတွင် အပိုအလိုမရှိ တက်ကြွ၍ မာန်ရှိသည့် ဟန်ပန်များက ဆရာတော်၏ အောင်မြင်မှုအထိမ်းအမှတ် သင်္ကေတများ ဖြစ်သည်။ ဆရာတော်၏ တရားပွဲများတွင် တရားနာသူတွေ တစ်စ တစ်စ အလွန်များလာသည်။ သူရိယသတင်းစာမှလည်း ဆရာတော်အကြောင်းကို မြှောက်စားပြီးရေးသားဖော်ပြ ကြသည်။ အင်္ဂလိပ်အစိုးရကလည်း ဘာမှမလုပ်သေး သဖြင့် နိုင်ငံရေးတရားနာ၍`အဖမ်းမခံရဘူး´ဟု ဖြစ်လာ ကာ မြန်မာလူမျိုးအစိုးရလူကြီးများကပင် သူတို့မြို့နယ် တွေမှာ နိုင်ငံရေးတရား ဟောကြားရန် ဆရာတော်ကို ပင့်ဆောင်လာကြသည်။ဆရာတော်ကလဲ ပင့်ဆောင် သမျှ မငြင်းပယ်ဘဲ အပင်ပန်းခံကာ တရားလိုက်ဟော ကြားသည်။ထို့ကြောင့် ဆရာတော်၏ နိုင်ငံရေးတရား များ သည် နိုင်ငံတဝှမ်းပျံနှံ့လာကာ မြန်မာတစ်ပြည်လုံး နိုင်ငံရေးစိတ်ဓာတ်များ စတင်နိုးကြားလာကြသည်။ ၁၉၁၂ တွင် မြန်မာလူငယ်အချို့ကို ဂျပန်သို့ ပညာတော် သင် ပို့ဆောင်ခဲ့သည်။ ဂျပန်တို့၏ အလုပ်ကြိုးစားပုံ၊ စည်းကမ်းရှိပုံ၊ တာဝန်ယူစိတ်ရှိကြပုံများကို လက်တွေ့ ပြသခြင်းဖြစ်သည်။ပြီးနောက် ထိုခရီးစဉ်မှ အတွေ့အကြုံ သိမှတ်ဖွယ်ရာများကို မြန်မာပြည်သူတိုင်း သိကြစေရန် စာအုပ်ထုတ်ဝေ ရေးသားဖြန့်ချီသည်။ အင်္ဂလိပ်အစိုးရ သည် ဆရာတော်၏ ခြေလှမ်းများကို စိုးရိမ်ကြီးစွာနှင့် မျက်ခြေမပြတ် စောင့်ကြည့်နေသည်။ အင်္ဂလိပ်အစိုးရ သည် ဆရာတော်ကို မြှောက်၍ပေါင်းသော်လည်း မရ၊ ခြောက်သော်လည်း မကြောက်ဖြင့် ရပ်တန့်မရ ဖြစ် နေသည်။ ၁၉၂၀ ပြည့် ဒီဇင်ဘာလတွင် ဆရာတော်၏ နိုင်ငံရေး မျိုးစေ့ ချပေးခဲ့သည့် အရှိန်အဟုန်သည် စတင်ကာ အညှောင့်ထွက်လာကာ တက္ကသိုလ်ကျောင်းသားများ သပိတ် ဖြစ်ပေါ်လာသည်။ ထိုအချိန်က ဘုရင်ခံမှာ `ဆာရယ်ဂျီနယ်ကရက်ဒေါက်´ ဖြစ်သည်။ ဆရာတော်မှာ ``ငါသေပျော်ပြီ။ ငါတို့လူမျိုးတွေ… ကိုယ့် အခွင့်အရေးကို တောင်းတတ်ပြီ´´ ဟု ဝမ်းသာစွာပြော ကြားခဲ့သည်။ ၎င်းအချိန်က ဗိုလ်ချုပ်အောင်ဆန်းမှာ (၅) နှစ်သားအရွယ်ဖြစ်သည်။ ဆရာတော်ကလည်း အမြို့မြို့အရွာရွာသို့ ကြွချီကာ လွတ်လပ်ရေးတရားကို ဟောနေသည်။ ထိုစဉ်အချိန်က ဝေလမင်းသား မြန်မာနိုင်ငံသို့ ရောက်လာမည်ဖြစ်၍ ဤသည်ကို မည်သူမျှမကြိုဆိုကြရန် YMBA အသင်းကြီးကလှုံ့ဆော်သည်။အစိုးရက `ဘွိုင်ကောက်´ ဥပဒေ ထုတ်ပြန်ကာ ခေါင်းဆောင်အချို့ကို အဖမ်း ပြ လိုက်သည်။ ပြည်သူများလည်း တဖန် ကြောက်သွားကြ ပြန်သည်။ပြည်သူများ၏ ကြောက်စိတ်ကို ဆရာတော် က သိမြင်လာ၍ `ဆာရယ်ဂျီနယ်ကရက်ဒေါက် မင်းမြန်မာပြည်က ထွက်သွား´ဟူ၍ စာတစ်စောင်ရေးပို့ ကာ ၎င်းကို သူရိယသတင်းစာတွင် ဖော်ပြလိုက်သည်။ ၎င်းကို ဖတ်ရှူရသူ ပြည်သူတိုင်းက မျက်လုံးပြူးသွားခဲ့ ကာ ဇာတိသွေး/မာန်တို့လည်း တစ်ဖန် တက်ကြွလာ ပြန်သည်။ ၁၉၂၁ခု မတ်လ(၁၀)ရက်နေ့တွင် ကျောက်ကုန်းမြို့၌ ဆရာတော်ကို အင်္ဂလိပ်အစိုးရက ပထမဆုံးအကြိမ် ဖမ်းဆီးလိုက်လေသည်။ အကြောင်းပြချက်က… ယခင် ဆူးကလပ်ရွာကြီးတွင် တရားဟောသည့်… `လိပ်အခွံ ခွာမည်´ တရားပါ အကြောင်းအရာများသည် အစိုးရကို အကြည်အညို ပျက်စေသည် ဟူသည့် စွဲချက်ဖြစ်ပါ သတဲ့။ အလုပ်ကြမ်းနှင့် ထောင်သုံးနှစ် ပြစ်ဒဏ်ချမှတ် ခံရသည်။ ဆရာတော်ဦးဥတ္တမကဲ့သို့ နိုင်ငံတော်အဆင့် တိုင်းပြည်နှင့် နိုင်ငံအကျိုးကို ဆောင်ရွက်နေသူ တစ်ဦး အား အင်္ဂလိပ်အစိုးရလက်ထက်တွင်`ပထမဆုံး´ထောင် ချပြခြင်း ဖြစ်ပါသည်။ ဆရာတော်အသက်မှာ (၄၁)နှစ် ကျော် ဖြစ်သည်။ ဆရာတော်ကို ထောင်ချလိုက်သဖြင့် သံဃာရော လူထု ပါ အုံကြွလာသည်။သံဃာသာမဂ္ဂီအဖွဲ့များ ဖွဲ့လာခဲ့ ကြသည်။ ထိုမှတစ်ဆင့် မဟာသံဃာသာမဂ္ဂီအဖွဲ့ ဟု ဖြစ်ပေါ်လာသည်။ အမျိုးသမီး ကုမ္မာရီအဖွဲ့တွေ မြို့တိုင်း လိုလိုတွင်ပေါ်ပေါက်လာသည်။ထိုမှတဆင့် ဆရာတော် အား ဖမ်းဆီးမှုကို ဆူပူအုံကြွ ကန့်ကွက်ကြသည်။ ထို့ကြောင့် ၁၉၂၂ ဇွန်လ၂၆ရက်တွင် ဆရာတော်ကို ထောင်မှ လွှတ်ပေးလိုက်ရသည်။ ထိုစဉ်အချိန်က ဆရာတော် ဖမ်းဆီးခံရသည့်နေ့ကို `အမျိုးသားနေ့´ အဖြစ် သတ်မှတ်ရန် ၁၉၂၁ ခုနှစ် အောက်တိုဘာလတွင် ကျင်းပခဲ့သည့် GCBA ညီလာခံတွင် ပျဉ်းမနားမှ ဦးဒွေးဆိုသူက တင်ပြခဲ့သည်။ သို့သော် ၎င်းနေ့သည် မြန်မာတို့အတွက် အနိုင်ရသည့် နေ့မဟုတ်၊အရှုံးပေါ်သည့်နေ့သာဖြစ်သဖြင့် မသတ်မှတ် ခဲ့ကြဘဲ ပထမဆုံး ကျောင်းသပိတ် ပေါ်ပေါက်သည့်နေ့ ကိုသာ အမျိုးသားနေ့အဖြစ် သတ်မှတ်လိုက်ရခြင်း ဖြစ် ပါသည်။ ဇွန်လတွင် ထောင်မှလွတ်ပြီး ဇူလိုင်လ (၁၅)ရက်တွင် ရန်ကုန် ဂျူဗလီဟော၌ မြန်မာအသင်းချုပ်ကြီး၏ အစည်းအဝေးတွင် အင်္ဂလိပ်တို့၏ အခြေအနေ မကောင်းပြီဖြစ်၍ တစ်ဆင့်လျှော့ နည်းပရိယာယ်ဖြစ် သည့် ဒိုင်အာခီကောင်စီသို့ မြန်မာနိုင်ငံရေးသမားများ မဝင်ကြရန် မေတ္တာရပ်ခံ ဟောပြောသည်။ `ဒိုင်အာခီ´ ဆိုသည်မှာ အင်္ဂလိပ်နှင့် မြန်မာများက အုပ်ချုပ်မှု အခွင့် အာဏာကို ခွဲဝေယူကြခြင်း ဖြစ်ပါသည်။ သို့သော် မြန်မာ့နိုင်ငံရေးသမားတို့ကြားတွင် `ထိုင်ခုံမက်သည့်´ နိုင်ငံရေးသမားများ ရှိနေပြီဖြစ်သည်။ ဒိုင်အာခီ အုပ်ချုပ်ရေးစနစ်ကြောင့် GCBA အသင်းကြီး ထက်ခြမ်းကွဲသည်။ဦးဘဖေ ခေါင်းဆောင်သည့် (၂၁)ဦး အဖွဲ့က ဒိုင်အာခီကို လက်ခံပြီး၊ဦးချစ်လှိုင် ခေါင်းဆောင် သည့် ဝံသာနုအဖွဲ့က သပိတ်မှောက်သည်။ ဆရာတော်မှာ သူ၏လုပ်ငန်းစဉ်အတိုင်း အုပ်ချုပ်ရေး လမ်းစဉ်တွင် လိုက်မပါဘဲ တော်လှန်ရေး၊ လုံးဝ လွတ်မြောက်ရေး တရားများကိုသာ နယ်လှည့်၍ ဟော ကြားနေခဲ့သည်။ ဤကြားထဲ ဥရောပနိုင်ငံများသို့လည်း သွားရောက်လေ့လာနေခဲ့ပြန်သေး၏။သို့သော် ထိုကာလတွင် အင်္ဂလိပ်အစိုးရ၏ နိုင်ငံရေး လှည့်ကွက် များကြောင့် ဆရာတော်ကို မလိုလားသည့် ထိုင်ခုံမက် နိုင်ငံရေးသမားများ ရှိနေကြပြီ ဖြစ်ပါသည်။ ထို့ကြောင့် လည်း ၁၉၂၄ ခု သြဂုတ်လ(၆)ရက်တွင် မန္တလေးသို့ ဆရာတော် တရားဟော ကြွရောက်လာမည်ကို ဦးဘဖေ ဦးဆောင်သည့် (၂၁)ဦးအဖွဲ့က`ငါတို့ အစည်း အဝေးကျင်းပချိန်နှင့်တိုက်ဆိုင်နေသည်။ ဆူပူမှုမဖြစ်ရ´ ဟူသော အကြောင်းပြချက်ဖြင့် ဆရာတော်အား စီတန်း လှည့်လည် ကြိုဆိုကြမည့် ပြည်သူများကို ပုလိပ်ဖြင့် ကြမ်းတမ်းစွာ လူစုခွဲခိုင်းသဖြင့် ရဟန်းတစ်ပါး ပျံလွန် သည်အထိ ဖြစ်ခဲ့ကာ ဆရာတော်၏ တရားပွဲလည်း ပျက်ခဲ့ရသည်။ ဆရာတော်ကိုလည်း ပုလိပ်များခြံရံလျှက် ရန်ကုန်သို့ ပြန်ပို့လိုက်သည်။ ထို့နောက် များမကြာမှီ ရန်ကုန်၊ လမ်းမတော် မြို့လုံးကျွတ်အစည်းအဝေးတွင် `အင်္ဂလိပ် အစိုးရက တုတ်နဲ့ခေါက်ရင် မြန်မာတွေ အစွယ် ပေါက် ကြပါ´စသော အစိုးရဆန့်ကျင်ရေး၊ ဒီမိုကရေစီနှင့် လူ့ အခွင့်ရေးတရားကို ရဲရဲတောက် ဟောကြားလေသည်။ ထို့ကြောင့်(၇)ရက်ကြာသည်နှင့် ဆရာတော်အား ဒုတိယအကြိမ် ဖမ်းဆီးလေသည်။ ထောင်ဒဏ်(၃)နှစ် ချမှတ်သည်။ သက်တော်(၄၅)နှစ်။ ၁၉၂၇ ခုနှစ် ဖေဖေါ်ဝါရီလတွင် နှစ်စေ့၍ ပြန်လွတ်လာ ခဲ့သည်။ထောင်မှထွက်သည်နှင့် အမျိုးသားလွတ်မြောက်ရေး တရားဟောတိုက်ပွဲက ပြန် စမြဲပင်ဖြစ်သည်။ ပဲခူးမြို့တွင်ကျင်းပသည့် လူထုအစည်း အဝေးကြီးတွင် သင်္ကန်းကိုချွတ်ပြီး ထောင်ဝတ်စုံဖြင့် တက်ရောက် တရားဟောပြသဖြင့် လူထုပရိဿတ်မှာ ငိုကြွေးကြသည်။ အစည်းအဝေးကို ဦးဆောင်ကျင်းပသူ ဦးစိုးသိမ်းက စင်ပေါ်တက်ကာ`ပရိသတ်များ မျက်ရည် ကျရုံလောက်ဖြင့် အိမ်ပြန်သွားကြမည်လား။ ယခု ဆရာတော်ကိုမြင်၍မျက်ရည်ကျခြင်းသည်အမျိုးသား ရေး အတွက်၊ ဗုဒ္ဓသာသနာအတွက်၊ ကျလာသည့် မျက်ရည်သာ ဖြစ်စေရမည်။ ဘုရားရှင်ခွင့်ပြုထားသည့် သင်္ကန်းကိုတောင် မဝတ်ဆင်ရအောင်အထိ အင်္ဂလိပ် အစိုးရက ငါတို့ခေါင်းဆောင် ဆရာတော်ဦးဥတ္တမကို ညှဉ်းပန်း နှိပ်စက်သည်။ ထို့ကြောင့် ယခုအချိန်မှစ၍ အမျိုးဘာသာ သာသနာအတွက် မိမိအသက်ကိုတောင် မငဲ့ကွက်တော့ဘဲ ဆရာတော် လမ်းပြသည့်အတိုင်း လိုက်ပါလုပ်ဆောင်ကြ´´ဟု သူကိုယ်တိုင် စင်ပေါ်မှ ငိုယို ကာ ပြောကြားလေသည်။ ၁၉၂၇ မတ်လ(၂၀)ရက်နေ့တွင် ဦးစိုးသိမ်း၏ ၁၄ ကြိမ် မြောက် GCBA အစည်းအဝေးတွင် ဆရာတော်က မိန့်ခွန်းပြောကြားသည်။ ထို့နောက် အိန္ဒိယပြည် မဒရပ် ရှိ အိန္ဒိယအမျိုးသား ကွန်ဂရက်သို့ ဖိတ်ကြားမှုကြောင့် တက်ရောက်ခဲ့ပြန်သည်။ အိန္ဒိယမှပြန်လာပြီး ဆထက် တပိုး နိုင်ငံရေးတရားများ ဟောပြောလေရာ မန္တလေး တွင် အဓိကရုန်း ဖြစ်ပေါ်လာသည်။ ထို့ကြောင့် ၁၉၂၈ ခုနှစ်တွင် ကျိုက်ထီးရိုးမှအပြန် ကျိုက်ထိုဘူတာတွင် တတိယအကြိမ် ဖမ်းဆီးခံရသည်။ အလုပ်ကြမ်းနှင့် ထောင် ၃ နှစ် ချမှတ်သည်။ သက်တော်(၄၉)နှစ်။ ဗိုလ်ချုပ်အောင်ဆန်းက (၁၃)နှစ်အရွယ်။ တတိယအကြိမ် ထောင်မှလွတ်ပြီးနောက်လည်း နိုင်ငံရေး တရားများကို ဟောကြားနေခဲ့သည်။ ပျံလွန် တော်မမူမှီ ၁ နှစ်အလို ၁၉၃၈ ခုနှစ်တွင် တရုတ်၊ ဂျပန် တို့၏ စည်းကမ်းရှိပုံများကို မြန်မာတို့ အားကျလာစေရန် ဓာတ်ပုံများ ဝေဝေဆာဆာဖြင့် စာအုပ်ထုတ်ဝေခဲ့ပါ သေးသည်။ ဤသို့ဖြင့် ဇရာ၊ ဗျာဒိ၊ နှိင်ငံရေးခံစားချက် စိတ်ဒဏ်ရာများ ဖိစီမှုဖြင့် ဆီးချိုရောဂါ၊ ကင်ဆာ ရောဂါ ဒဏ်များကို ခံစားရင်း လူအင်အား၊ ဦးနှောက်အင်အား ချို့တဲ့လာကာ ၁၉၃၉ ခုနှစ် စက်တင်ဘာလ (၉)ရက်နေ့ ညည့်သန်းခေါင်ကျော် ၁နာရီ ၃၅မိနစ် (စနေနေ့သို့ အဝင်)တွင် ပျံလွန်တော်မူခဲ့သည်။ သက်တော်(၆၀)။ ဆရာတော်ပျံလွန်သည့်နေ့ကို ဦးဥတ္တမနေ့ ဟု ထိုခေတ် က ပြည်သူ့လွှတ်တော်မှ တရားဝင်သတ်မှတ် ကြေငြာ ပေးသည်။ ကန်တော်မင်း ပန်းခြံကို ဦးဥတ္တမပန်းခြံဟု ပြောင်းလဲသတ်မှတ်သည်။ ဆရာတော်မွေးဖွားရာ စစ်တွေမြို့တွင်လည်း ဦးဥတ္တမ ပန်းခြံတစ်ခုကို ပြုလုပ် ပေးခဲ့သည်။ ဆရာတော်ဘဝနိဂုံးသည်ဝမ်းနည်းစရာကောင်းလှသည်။ နိုင်ငံရေးသမားတို့၏ လူမှုရေးမရှိမှု၊ ကျေးဇူးတရား မသိ တတ်မှုများကို သိသာထင်ရှားစေသည်။ သင်ခန်းစာ ယူစရာများ ပြည့်နှက်နေသည်။ခေတ်ကလည်း ဗိုလ်ချုပ် အောင်ဆန်းခေတ် ရောက်နေပြီကိုး။ ၁၉၃၇-၃၈ ခုတွင် ကိုအောင်ဆန်းသည်မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမ္မဂ ဥက္ကဌဖြစ်နေပြီ ဖြစ်သည်။ ဆရာတော် က ၁၉၃၉တွင် ပျံလွန်သည်။ တတိယအကြိမ် ထောင်မှလွတ်လာပြီး အသက်အရွယ် လည်းရ၊ ရောဂါဘယ ထူပြောလာသော ဆရာတော်ကို မြန်မာနိုင်ငံရေးသမားများသည် လွန်စွာ ဂရုမစိုက်ချင်ကြ တော့ပေ။မိမိမျှော်မှန်းသလိုဖြစ်မလာသည့် မြန်မာနိုင်ငံ အရေးကို ဆရာတော်ကလည်း စိတ်ကုန်လာသဖြင့် မြန်မာ့နိုင်ငံရေးသမားများနှင့်ဝေးရာအိန္ဒိယရှိတပည့်များ ထံ သွားရောက် အနားယူနေသည်။ ဤသည်ကို ၁၉၃၅ ခုနှစ်တွင် ၉၁ ဌာနအုပ်ချုပ်ရေး အတွက် ရွေးကောက်ပွဲဖြစ်ပေါ်လာရာ `ငါးပွင့်ဆိုင်´ အဖွဲ့ က သူတို့အတွက် မဲဆွယ်ပေးပါရန် အိန္ဒိယနိုင်ငံအထိ လာရောက် အကူအညီတောင်းကြသည်။ မရ မက လာ ခေါ်ခဲ့သည်။ ပုဂ္ဂိုလ်ရေး ခင်မင်မှုနှင့် နိုင်ငံရေးစိတ် ရှိနေ သေးသည့် ဆရာတော်မှာ ကိုယ့်နှိင်ငံသားတွေ လာခေါ် တော့ မြန်မာနိုင်ငံသို့ ပြန်ကြွလာခဲ့သည်။ ဆရာတော်၏ မဲဆွယ်မှုကြောင့် ငါးပွင့်ဆိုင်အဖွဲ့ အနိုင်ရ ခဲ့သည်။အနိုင်ရတော့အစိုးရလုပ်လိုသူ ဝန်ကြီးဖြစ်လိုသူ များသဖြင့် အစိုးရ မဖွဲ့နိုင်သည့်အထိ ရှက်ဖွယ်လိလိ ဖြစ် ခဲ့သည်။ ထို့ကြောင့် အင်္ဂလိပ်ကပင် ဒေါက်တာဘမော် ကို ညွန့်ပေါင်းအစိုးရ ဖွဲ့ခိုင်းခဲ့ရသည်။ ဤလောက်ထိ ထိုင်ခုံမက်ခဲ့ကြသည်။ ငါးပွင့်ဆိုင်အဖွဲ့သည် လွှတ်တော် ကို အမတ်ဦးရေ အများဆုံးဖြင့် ထိန်းချုပ်နိုင်ခဲ့သည်။ ဤသို့ ငါးပွင့်ဆိုင်အဖွဲ့အောင်မြင်သွားတော့ ဆရာတော် ကို လှည့်ပင်မကြည့်တော့။ ဂရုစိုက်မည့်သူ မရှိတော့။ `ငါးပွင့်ဆိုင်အဖွဲ့´ဆိုသည်မှာ (1)ပြည်သူပြည်သားအဖွဲ့၊ (2)လွတ်လပ်ရေးအဖွဲ့၊ (3)ဗဟိုအဖွဲ့၊ (4)သပိတ်မှောက် အဖွဲ့၊ (5)၂၁ ဦးအဖွဲ့တို့ ပေါင်းစည်းထားခြင်း ဖြစ်သည်။ ဆရာတော်တွင် ဆီးချိုရောဂါလည်း ပိုဆိုးလာကာ ခြေထောက်တစ်ဖက်မှာလည်း ကင်ဆာဖြစ်နေ၍ ဖြတ် ပစ်ရမလို အခြေအနေဆိုးလာသည်။နိုင်ငံရေးတရားများ လည်း မဟောနိုင်တော့သဖြင့် အနားတွင် ကိုးကွယ်မည့် သူလည်းမရှိဖြစ်လာကာ ဟောင်းနွမ်းစုတ်ပြတ်နေသည့် သင်္ကန်းကိုဝတ်လျှက် ထီး ဖိနပ်မပါဘဲလွယ်အိတ်တလုံး လွယ်ကာ အရူးပမာ ဘဝကိုကြံကြံခံရင်း ကြေကွဲစရာ ဖြတ်သန်းနေခဲ့သည်။ ထိုအချိန်တွင် သူသင်ပေးလိုက် သည့် တပည့်များက နိုင်ငံတော်အဆင့် လူကြီးများဖြစ် လျှက်၊ အစိုးရအဖွဲ့တွင် ပါဝင်လျှက်…။ ဆွမ်း၊ကွမ်း၊ကူညီမည့်သူ မရှိဘဲ ရောက်ချင်တိုင်းရောက် ပေါက်ချင်တိုင်းပေါက် လျှောက်သွားကာ လမ်းပေါ်တွင် မူးမေ့လဲကျ၊ပြန်ထလျှောက်နှင့်နောက်ဆုံးမထနိုင်တော့ သည့် အခြေအနေကိုရောက်မှ မမြင်နိုင်သူ ပြည်သူအချို့ ၏ ပို့ဆောင်ပေးမှုဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးပေါ်သို့ ရောက်လာခဲ့သည်။ ထိုအချိန်ကျမှ သူရိယသတင်းစာ တိုက်ပိုင်ရှင် ဦးဗကလေး ဦးဆောင်ကာ ဆေးဝါးကုသ ပြီး ရဟန်းအချင်းချင်းပြုစုနိုင်ရန် ညောင်တုန်းကျောင်း တိုက်သို့ ရွှေ့ပြောင်းခဲ့သည်။ သို့သော်လည်း ရောဂါအခြေအနေမှာ ဆိုးသထက် ဆိုး လာကာ ၎င်းကျောက်တိုက်၌ပင် ပျံလွန်ခဲ့လေသည်။ ဆရာတော်မပျံလွန်မှီ အနီးကပ်ပြုစုခဲ့သည့် သံဃာများ မှာ ရမ်းဗြဲနယ်မှ သံဃာတော်များ ဖြစ်ပါသည်။ ပျံလွန်ပြီး၍ စျပနာ၌မူကား ဆရာတော်၏ ခန္ဒာသည် တစ်ဖန်ပြန်လည်၍ သေပန်းပွင့်ခဲ့သည်။ စျာပနသည် နိုင်ငံတော်အဆင့် စျာပနဖြစ်ခဲ့သည်။ အဖွဲ့အစည်း အသီးသီးနှင့် နိုင်ငံ့ခေါင်းဆောင်များက လာရောက် ပို့ဆောင်ခဲ့ကြသည်။သူရိယသတင်းစာတွင် သတင်း ဖော်ပြလိုက်သဖြင့် တစ်နိုင်ငံလုံး သိရှိသွားကြသည်။ စစ်တွေမှ သံဃာအပါး(၃၀၀)ခန့်သည် အိန္ဒိယနိုင်ငံရှိ ဆင်ဒီးယားကုမ္ပဏီ၏ အကူအညီဖြင့် ပင်လယ်ကူး သင်္ဘောဖြင့် ရန်ကုန်သို့ လိုက်ပါလာသည်။ ဆရာတော်၏ ရုပ်ကလာပ်ထားရှိရာ ညောင်တုန်း ကျောင်းတိုက်တွင် ညစဉ်ညတိုင်း နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားရေး၊ လွတ်လပ်ရေး၊ နိုင်ငံရေး၊ တရားပွဲများ ဖြင့် အထူးစည်ကားနေသည်။ စျာပနအခမ်းအနားကို ၁၉၄၀ ခုနှစ် မတ်လ(၂၀)ရက် ညနေ(၃)နာရီအချိန်တွင် ပုဇွန်တောင်ရှိ ညောင်တုန်း ကျောင်းတိုက်မှ ရွှေတိဂုံဘုရား ခြေတော်ရင်းသို့ ပို့ဆောင်ပြီး မီးသဂြိုလ်ခဲ့သည်။ ရုပ်ကလာပ်တော်ကို နဂါးနှစ်ကောင် လိမ်နေသည့်ခေါင်းတွင် ထည့်သွင်းပြီး ကရဝိတ်ဖောင်တွင် တင်ကာ လွတ်လပ်ရေးအမျိုးသမီး အဖွဲ့က ကြိုးဖြင့်ဆွဲငင်သည်။ ဖောင်ပေါ်တွင် အမျိုးသမီး အဖွဲ့က ဧယင်ကျူး၍ လိုက်ပါသည်။ လမ်းတစ်လျှောက် တွင် ဆရာတော်အား နောက်ဆုံးဖူးမျှော်ရန် စောင့်ဆိုင်း နေကြသည့် ပြည်သူများဖြင့် အထူးစည်ကားလှသည်။ ဆရာတော်၏ရုပ်ကလပ်ကို မြန်မာနိုင်ငံတွင် ထိုစဉ်က နာမည်ကြီးသည့် အဖွဲ့ပေါင်း(၂၄)ဖွဲ့က လိုက်ပါပို့ဆောင် ခဲ့သည်။ ၎င်း(၂၄)ဖွဲ့တွင် သခင်ကိုယ်တော်မှိုင်း ကြီးမှုး သည့် ဒို့ဗမာအစည်းအရုံးအဖွဲ့၊သက်ပန်ဂဠုန် ဂျီစီဘီအေ၊ ရန်ကုန်လွတ်လပ်ရေး အမျိုးသားအသင်း၊ ရန်ကုန်လွတ်လပ်ရေး အမျိုးသမီးအသင်း၊ သူရိယ သတင်းစာတိုက်နှင့်သတင်းစာတိုက်အသီးသီးမှ မျိုးချစ် ပုဂ္ဂိုလ်များ၊ ရခိုင်သံဃာတော်များအဖွဲ့၊ စစ်တွေကိုယ်စား လှယ် ရဟန်းအဖွဲ့၊သာသနာ့ဝေပုလ္လ ရဟန်းပျိုအဖွဲ့၊ မြန်မာ တရုတ် ဗုဒ္ဓဘာသာအစည်းအရုံး၊ တရုတ်-မြန်မာ သမဂ္ဂအသင်း၊ တရုတ်လူငယ် သမဂ္ဂအသင်း၊ ဟိန္ဒူ ဘော်လံတီယာအသင်း၊ မြန်မာမျိုးချစ်ပုဂ္ဂိုလ်များ နှင့် နိုင်ငံခြားတိုင်းပြည်များမှ ပုဂ္ဂိုလ်များ စသဖြင့် စုပေါင်း ပါဝင်ခဲ့ကြသည် ………………………………………………………………… သင်ဖြစ်ရသော လူ့ဘဝသည်… အများ၏ အကျိုးစီးပွားကို ဆောင်ရွက်နိုင်မှု မရှိလျှင်… သင်၏ ဘဝတန်ဖိုးသည်… ဘာမျှအဓိပ္ပါယ် မရှိ ။ ဆရာတော်ဦးဥတ္တမ

သဇင္ မွန်
10 Oct 2021 · 150 views
3:11
Haafiz Khuda (Remix) (From "8 X 10 Tasveer") - Salim-Sulaiman

Song - Haafiz Khuda Remix Film - 8X10 Tasveer, Singer - Mohit Chouhan, Tulsi Kumar Lyricist - Irfan Siddique Music Director - Salim Merchant, Sulaiman Merchant Artist - Mohit Chouhan, Tulsi Kumar, Akshay Kumar, Sharmila Tagore, Ayesha Takia Music On - T-Series

T-Series
12 Sep 2019 · 55K views
3:25
Nazaara Hai (From "8 X 10 Tasveer") - Salim-Sulaiman

Song - Nazaara Hai- Film Shoot Film - 8X10 Tasveer Singer - Vishal Dadlani Lyricist - Irfan Siddique Music Director - Salim Merchant, Sulaiman Merchant Artist - Akshaya Kumar Music On - T Series

T-Series
12 Sep 2019 · 102K views
3:36
Aaja Maahi (From "8 X 10 Tasveer") - Neeraj Shridhar

Song - Aaja Maahi Film - 8X10 Tasveer Singer - Neeraj Shridhar, Tulsi Kumar Lyricist - Sameer Music Director - Neeraj Shridhar Artist - Neeraj Shridhar, Tulsi Kumar, Akshay Kumar, Aayesha Takiya & Sharmila Tagore Music On - T-Series

T-Series
12 Sep 2019 · 316K views
3:04
Haafiz Khuda (From "8 X 10 Tasveer") - Salim-Sulaiman

Song - Haafiz Khuda Film - 8X10 Tasveer Singer - Mohit Chouhan, Tulsi Kumar Lyricist - Irfan Siddique Music - Salim Merchant, Sulaiman Merchant Artist - Mohit Chouhan, Tulsi Kumar, Akshay Kumar, Sharmila Tagore, Ayesha Takia Music On - T-Series

T-Series
12 Sep 2019 · 76K views