Fashion Design များ

Clothing (Brand)

2:54
နေ့လယ်စာပါကျွေးမည့် အထည်ချုပ် အခမဲ့သင်တန်း 2လ သင်​​ပေးမယ်​ တစ်​ရက်​ 1800 ကျပ်​ဖြင့်​ 4 လအလုပ်​လုပ်​​ပေး​ရမယ်​ PH ...09425847821အောင်မြင်မှုအထည်ချုပ်ကျွမ်းကျင်မှု သင်တန်းကျောင်း ကို ပျိုးပင်က စီစဉ်ဆောင်ရွက်သွားမှာဖြစ်ပြီး အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်... အဆိုပါ သင်တန်းကျောင်းစီမံကိန်းအတွက် ပျိုးပင်နှင့် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနဝန်ကြီးဌာနတို့ အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၁၈.၈.၂၀၁၇ နေ့ က အောင်မြင်မှု လက်မှတ်ရေးထိုးပွဲလေးပြုလုပ်ကျင်းပခဲ့ပါတယ်...ဒီအခမ်းအနားလေးကို အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့်အထည်ချုပ်ကျွမ်းကျင်မှုသင်တန်းကျောင်းမှာ ပြည်သူ့အင်အားဦးစီးဌာနဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး နားလည်မှုစာချွန်လွှာကို ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်နှင့် ပျိုးပင်မှ အကြီးအကဲဖြစ်သူ Mr.Gerry Fox တို့က လက်မှတ်ရေးထိုးခဲ့ကြပါတယ် ဒီ အောင်မြင်မှု စီမံကိန်းကို အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာထောက်ပံ့ရေး ရန်ပုံငွေအဖွဲ့ (Livelihood and Food Security Trust Fund-LIFT)က ဘဏ္ဍာရေးကူညီထောက်ပံ့ပေးတာဖြစ်ပြီး Care Myanmar, ပျိုးပင် နှင့် သုံးပန်လှအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ် ပျိုးပင်က ကျွမ်းကျင်ပညာရှင်များက အောင်မြင်မှုအထည်ချုပ်သင်တန်းကျောင်းစီမံကိန်းကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်... မြန်မာတနိုင်ငံလုံးက အလုပ်အကိုင်ရှာဖွေနေကြတဲ့အမျိုးသမီးများအတွက် အထောက်အကူပြုတဲ့ သက်မွေးဝမ်းကျောင်းသင်တန်းလေးတစ်ခုဖြစ်ပြီး ဒီသင်တန်းကျောင်းမှတဆင့် ကျွမ်းကျင်အထည်ချုပ်အလုပ်သမားများမွေးထုတ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ် အောင်မြင်မှုအထည်ချုပ်ကျွမ်းကျင်မှုသင်တန်းကျောင်း အောင်မြင်မှုအထည်ချုပ်ကျွမ်းကျင်မှု သင်တန်းကျောင်းရဲ့ ပထမဆုံးသင်တန်းက စက်တင်ဘာ (၁၈)ရက် ၂၀၁၇ မှာစတင်မှာဖြစ်ပါတယ် မြန်မာတစ်နိုင်လုံးမှာ အလုပ်အကိုင်ရှာဖွေနေတဲ့ သက်မွေးပညာတစ်ခုကို တတ်မြောက်ပြီးဝင်ငွေရှာဖွေချင်တဲ့ အမျိုးသမီးများ သင်တန်းတက်ရောက်ကြဖို့ ဖိတ်ခေါ်ပါရစေနော်... ဒီသင်တန်းကျောင်းက မြန်မာနိုင်ငံအထည်ချုပ်စက်ရုံတွေမှာ အလုပ်အကိုင်ရှာဖွေလိုတဲ့သူတွေအတွက်ပါ...လုပ်ငန်းထဲမှာပိုမိုကျွမ်းကျင်စွာလုပ်ကိုင်နိုင်ဖို့ ဝင်ငွေတိုးဖို့နဲ့ ခိုင်မာတဲ့အလုပ်ရဖို့ရည်ရွယ်ပါတယ် မြန်မာနိုင်ငံရဲ့ စံပြသင်တန်းကျောင်းတစ်ခုဖြစ်လာမယ့် အောင်မြင်မှုအထည်ချုပ်ကျွမ်းကျင်သင်တန်းကျောင်းမှာ...... သင်တန်းလျှောက်ထားဖို့အတွက် ၁.မှတ်ပုံတင် ၂.အိမ်ထောင်စုစာရင်း ၃.ရပ်ကွက်ထောက်ခံစာ ၄.ရဲစခန်းထောက်ခံစာ အစရှိတာတွေကို သင်တန်းကျောင်းကိုတင်ပြပေးဖို့လိုအပ်ပါတယ် သင်တန်းတက်ဖို့စာရင်းပေးချင်ရင် သင်တန်းကျောင်းကိစ္စအသေးစိတ်သိချင်ရင် ဖုန်းနံပါတ် ၀၉၄၂၅၈၄၇၈၂၁ ကို တနင်္လာကနေ စနေအတွင်း ရုံးချိန် ၉:၀၀ နာရီမှ ညနေ ၅:၀၀ အတွင်းဖုန်းဆက်မေးမြန်းနိုင်ပါတယ် သင်တန်းကြေးကအလကားပါ သင်တန်းထောက်ပံ့ကြေးအဖြစ် သင်တန်းတက်ဖို့ရွေးချယ်ခံရသူတွေကို တစ်ရက် ၁၈၀၀ ကျပ်ကို သင်တန်းကပြန်ပေးဦးမှာပါနော် သင်တန်းတက်တဲ့ရက်ကို နေ့လည်စာကျွေးပါမယ် သင်တန်းပြီးသွားရင် ခိုင်မာတဲ့အလုပ်အကိုင်ကိုပါ အထည်ချုပ်စက်ရုံတွေနဲ့ တစ်ခါတည်းချိတ်ဆက်ပေးသွားမှာမို့ သင်တန်းပြီးတာနဲ့ အလုပ်ပါရနိုင်မှာပါ...ဒါ့အပြင် မြန်မာနိုင်ငံမှာ သာမက အရှေ့တောင်အာရှနိုင်ငံတွေကပါအသိမှတ်ပြုတဲ့ အောင်လက်မှတ်ကိုပါ စာမေးပွဲဖြေဆိုအောင်မြင်ပါက ရနိုင်မှာပါ သင်တန်းနေရာက အောင်မြင်မှုအထည်ချုပ်သင်တန်းကျောင်း ပင်လုံခန်းမ ၄၃ ရပ်ကွက် မင်းရဲကျော်စွာလမ်း မြောက်ဒဂုံမှာပါ သင်တန်းကို အသက် (၁၈)နှစ်ပြည့်ပြီးသူများကိုသာလက်ခံသွားမှာပါ....သင်တန်းကာလက (၂) လကြာမြင်မှာမို့ ဒီကာလအတွင်း မပျက်မကွက်တွက်ပြီး မိမိအတွက် လုံခြုံခိုင်မာတဲ့ သက်မွေးပညာအလုပ်လေးတစ်ခုရချင်တယ်ဆို အောင်မြင်မှုသင်တန်းကျောင်းကို တက်ကြပါလို့ တိုက်တွန်းပါရစေ credit: ko sai
1 year ago